Latest :
Recent
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ မြန်မာစာ ရေးသားရန်အတွက် Zawgyi-One Font လိုပါသည်။

ဖွေးဖွေး - ကိုယ်လှလား၊ မလှလားတော့မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်အားလုံးကြိုက်တယ်

Q. ဘာကြောင့်အောင်မြင်လာ တယ်ထင်လဲ
A. သင်ဆရာ၊ မြင်ဆရာ၊ ကြားဆ ရာတွေရဲ့ကျေးဇူးကြောင့်ရယ်၊ ပရိ သတ်နဲ့အလုပ်ကိုတန်ဖိုးထားတတ် တဲ့ ဖွေးဖွေးရဲ့စိတ်ကြောင့်လို့ထင်ပါ တယ်။ ဒါပေမဲ့ အများကြီးကြိုးစား ရဦးမှာပါ။

Q. ကိုယ့်ကိုဘာကြောင့် ပရိသတ် ကြိုက်တယ်ထင်လဲ
A. ပရိသတ်ကြီးပဲ သိပါတယ်။

Q. ရှုတင်မိတ်ကပ်လိမ်းရတာကို ကြိုက်လား
A. မိတ်ကပ်သိပ်မလိမ်းဖြစ်ပါဘူး။

Q. တစ်ယောက်တည်းရှိတဲ့အခါ လုပ်တတ်တဲ့အမူအကျင့်
A. စဉ်းစားတယ်။ တစ်ခါတလေ အကောင်အထည်ဖော်ဖြစ်တယ်။

Q. ဒိုင်ယာလော့ခ်ချပေးရင် လွယ်လွယ်နဲ့ရတတ်တဲ့သူလား
A. ဒါရိုက်တာကြီးများကိုမေးကြည့် ပေါ့။

Q. ကိုယ့်ခန္ဓာကိုယ်မှာ အလှဆုံး လို့သတ်မှတ်ထားတဲ့အစိတ်အပိုင်း
လှလား၊ မလှဘူးလားဆိုတာ တော့မသိပါ။ အားလုံးကိုကြိုက်ပါ တယ်။

By 8Days Journal
{[['']]}

ကလေးမြို့တွင် ပထမဆုံး ဖျော်ဖြေခဲ့တဲ့ Lဆိုင်းဇီ

အဆိုတော် Lဆိုင်းဇီက ကလေးမြို့တွင် ပထမဆုံး ဖျော်ဖြေ ခဲ့ရခြင်း အတွက် ပျော်ရွှင် ရပါကြောင်း ပြောသည်။
အဆိုတော် Lဆိုင်းဇီ သည် မေလ ၁၄ ရက်နေ့က ကလေးမြို့ရှိ ရှင်းဟုန် ဟိုတယ် ခန်းမ၌ ဖျော်ဖြေခဲ့သည်။
L ဆိုင်းဇီ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲအား REVITAL ဂျင်စင်း အားဆေးမှ ကူညီခဲ့ပြီး ၄င်းဖျော်ဖြေပွဲတွင် သူမ၏ တေးစီးရီးခွေ များအား ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့သည်။
ယခု ဖျော်ဖြေရေး ခရီးစဉ်သည် Lဆိုင်းဇီ အနေဖြင့် ပထမဆုံး ခရီးစဉ် ဖြစ်ပြီး ဖျော်ဖြေပွဲသို့ ဟိုတယ် ခန်းမဆောင် အပြည့် Lဆိုင်းဇီ ပရိသတ်များ ငြိမ်းချမ်း ပျော်ရွှင်စွာ အားပေးခဲ့ကြပြီး ပရိသတ်များဖြင့် တွဲဖက် ဓာတ်ပုံ ရိုက်ခံခဲ့သည်။
Lဆိုင်းဇီသည် REVITAL ဂျင်စင်းအားဆေး၏ ၂ဝ၁၃ ခုနှစ် အတွက် Brand Ambassador တစ်ဦးဖြစ်ပြီး ယခုပွဲစဉ် အပြီး လာမည့် မေလ ၂ဝ ရက်နေ့တွင်လည်း မော်လမြိုင်မြို့နှင့် ဘားအံမြို့ များသို့ REVITAL ဂျင်စင်း အားဆေးနှင့် အတူ သွားရောက် ဖျော်ဖြေဦးမည် ဖြစ်သည်။ ယခု Lဆိုင်းဇီ ၏ ဖျော်ဖြေရေး ခရီးစဉ်သည် REVITAL ဂျင်စင်းအားဆေး ၏ Brand Ambassador အဖြစ် ပထမဆုံး ဖျော်ဖြေပွဲလည်း ဖြစ်ကြောင်း သိရသည်။

ချစ်သူမောင်
By Popular Myanmar
{[['']]}

အချစ်က အရေးမကြီး အလုပ်ပဲ အရေးကြီးတယ် ဆိုသူ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က အချစ်က အရေး မကြီးတော့ဘဲ အလုပ်သာ အရေးကြီးကြောင်း ပြော သည်။စံရတီမိုးမြင့်က တဖြည်းဖြည်း နဲ့ သိလာတာက အချစ်က အမြဲတမ်း ကိုယ့်ဘေးနားမှာ မရှိကြောင်း ပြောပါသည်။ ”ညီမအခု အချိန်အထိရှိတဲ့ အချစ်က အမြဲတမ်း ကိုယ့်ဘေးမှာ တစ်သက်လုံး တည်ချင်မှ လည်း တည် မှာလေ။ ပိုပြီး တဖြည်းဖြည်း သိလာတာက အလုပ်ပဲ။ အလုပ်ကို ပိုကြိုးစားပြီး လုပ်ရင် ပရိသတ်က ကိုယ့်ဘေးနားမှာ တစ်ချိန်လုံး ရှိမှာလေ။ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေ အသက်ကြီးတဲ့ အထိ ကိုယ့်ဘေးနားမှာ ရှိလာ တာကို သိလာတယ်”ဟု ဆို သည်။

လတ်တလောမှာ ဒါရိုက်တာ နေပိုင်၏ ‘ရိုးမြေကျ သီအိုရီ’ ဇာတ်ကားလေးကို နေမင်းနဲ့ အတူ ရိုက်ကူး နေပါသည်။
”ညီမနောက်ပိုင်းမှာ ဇာတ်လမ်းတွေကို မျှအောင် ရိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကိုယ်က မလုပ်ဖူး သေးတော့ အကုန်လုံးကို လုပ်ကြည့်စေချင်တယ်။ ဒရာမာ ရိုက်တာ လွန်သွားရင်လည်း ပရိသတ် အတွက် ရိုးအီ သွားမှာစိုးတယ်”ဟု ၄င်းက ပြောသည်။
”မိန်းကလေး တော်တော်များများက ကိုယ့်ကို သစ္စာရှိပြီး နားလည်ပေးနိုင်မယ့် သူမျိုးမှပဲ ဖြစ်မယ်။ အဲဒါက အဓိကပါပဲ။ ညီမ စဉ်းစားထားတာက အသက် ၃ဝ နားကပ်လောက်မှ အိမ်ထောင်ရေးကို စဉ်းစားမယ်”ဟု စံရတီမိုးမြင့်က ပြောသည်။

တွယ်တာ
By Popular Myanmar
{[['']]}

ရုပ်ရှင်ရုံတွေ နည်းသွားလို့ စိတ်မကောင်း ဖြစ်ရတဲ့ မို့မို့မြင့်အောင်

ရုပ်ရှင်ရုံ နည်းပါး သွားရခြင်း အတွက် စိတ်မကောင်း ဖြစ်ရကြောင်း အကယ်ဒမီ မို့မို့မြင့်အောင် က ပြောသည်။”ရုပ်ရှင်ရုံတွေ သိပ်မရှိကြတော့ဘူးလေ။ အခုလည်း ရွှေမန်းရုံ နဲ့ သီတာရုံ ပါသွားပြီလို့ ကြားရတယ်။ စိတ်မကောင်းလိုက်တာ။ ထုတ်လုပ်သူတွေက ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ပြီး ဘယ်ရုံမှာ သွားတင်ရမှာလဲ။ မမို့တို့ ဆီမှာလည်း ရှော့ပင်း မောလ်တစ်ခု၊ ဟိုတယ်တစ်ခု ဖွင့်ပြီ ဆိုရင် နိုင်ငံခြားက လိုမျိုးတော့ ရုပ်ရှင်ရုံ အနည်းဆုံး တစ်ခုလောက်တော့ ပေးသင့်တာပေါ့။ အနုပညာသမားတွေက ဘယ်လောက်ချည်း ပဲဖြစ်ဖြစ် လုပ်ပေးဖို့ ဆိုတာကလည်း မလွယ်ဘူးလေ။ မြန်မာပြည် ကတော့ ဗီဒီယိုလည်း ဗီဒီယို ဈေးကွက်မို့လို့ အခြေအနေ ဆိုးပါတယ်။ အခုဆိုလည်း စာချုပ် ရှိနေတဲ့ ပြေတီဦးတို့၊ နေတိုး တို့လောက်ပဲ ရှိတာလေ။ ကျန်တာတွေက သိပ် မရိုက်ရဘူး။ မမို့လည်း အရင်တုန်းက မမို့ ရိုက်ရက်ရဖို့ ၁ဝ လ ၁ နှစ်စောင့်ရတာ။ အခုဆို စီမယ့်လူတောင် မရှိဘူး။ လာ တစ်ကားပဲရှိတာ” ဟု မို့မို့မြင့်အောင်က ပြောသည်။ မို့မို့မြင့်အောင်က လပ်ကီးဆဲဗင်း ထုတ် လုပ်ရေးဖြင့် ယခုလ ထဲမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ရှိကြောင်း သိရသည်။
”မမို့တို့ခေတ် နဲ့တော့ ဘယ်တူမလဲနော်။ မမို့ တို့ခေတ်ကဆို ရုပ်ရှင် ဇာတ်ကားကြီးဆို တစ်ကားကို ရိုက်ရက် ၁၅ ရက်ပေးတယ်။ နယ်ဆိုရင် ရက် ၂ဝ ပေးတယ်။ ၁ နှစ်နဲ့ ၆ လ ဇာတ်ကားကြီး ရိုက်ဖို့ အများကြီး တန်းစီရတယ်။ အခုတော့ ကလေး တွေ အတွက် ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ရိုက်ဖို့ဆိုတာ မလွယ်လှရှာဘူး။ တစ်ခေတ်တော့ ပြန်လည် လာမှာပါလို့ မျှော်လင့်ပါတယ်။ မမို့ တို့ခေတ်တုန်းက ဗီဒီယို မရှိဘူး။ ရုံတွေက လည်း အများကြီး ရှိတယ်လေ။ အကယ်ဒမီ ဇာတ်ကား ဆန်ခါတင် စာရင်းဝင်တဲ့ ၇ ကားကို ကြည့်လိုက်ရင် မို့မို့မြင့်အောင် အချင်းချင်း ဖိုက်နေရတာ” ဟု ပြောသည်။

ခိုင်ဝေလွင်
By Popular Myanmar
{[['']]}

ကျောင်းပြီးတာ နဲ့ ရန်ကုန်မှာ အခြေချ နေထိုင်ပြီး အနုပညာ အလုပ်တွေ ကို လုပ်သွားတော့မယ့် မှူးသခင်

မန္တလေးမှာ နေထိုင်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် တစ်ဦးလည်းဖြစ်သူ မှူးသခင်က ရန်ကုန်ကို ဒီလကုန်မှာ သွားမှာဖြစ်တယ်လို့ သိရပြီး သူရိုက်ခဲ့တဲ့ ဗီဒီယို ၇ကားထဲမှာ ၄ကားကတော့ ထွက်ရှိပြီး ပြီလို့ ပြောပါ တယ်။ “မှူးရဲ့ သရုပ်ဆောင်မှုတွေက လိုသေးတာပေါ့နော်။ ပရိသတ်တွေ ကလည်း ဝေဖန်ပေးပါတယ်။ ရန်ကုန်ကိုတော့ တက်ဖြစ်မှာပါ။ ဒီမှာက ကျောင်းတက်နေသေးလို့ ကျောင်းပြီးရင်တော့ ရန်ကုန်မှာ အခြေချပြီး လုပ်ဖြစ်မှာပါ။ လက်ရှိ အနေအထားကိုတော့ အားရပါတယ်။ ဒါပေမဲ့ လိုအပ်တာတွေက အများကြီး လိုသေးတယ်။ အဲဒီအတွက်လည်း မှူးအစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ မှူးသခင် ကပြောပါတယ်။ မှူးသခင် ကပြည် ပနိုင်ငံ က ဇာတ်ကားတွေနဲ့ သရုပ်ဆောင်မှု စာအုပ်တွေကို အချိန်ပေးပြီး လေ့လာ ဖတ်ဖြစ်နေတယ်လို့ ပြောပါတယ်။ “အနုပညာမှာ အခွင့်အလမ်းပိုရဖို့ ရန်ကုန်ကို သွားရမယ် ဆိုတာ လက်ခံပါတယ်။ ရန်ကုန် ကျတော့ တက်လမ်းတွေ အများကြီး ရှိတယ်လေ။ အနုပညာ အသိုင်းအဝိုင်းနဲ့ လည်းပိုပြီးတော့ နီးစပ်တယ်” လို့ မှူးသခင် ကပြောပါတယ်။ မှူးသခင်ဟာ မော်ဒယ် ပြိုင်ပွဲတွေ မှာ Best Costumer, Best Design, Miss Kanebo, Best Perifital စတဲ့ ဆုများကို ပိုင်ဆိုင် ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

By Popular Myanmar
{[['']]}

လမ်းပြမြေပုံနဲ့ နေတိုး ရဲ့ကမ္ဘာလေး တစ်ခု

နေတိုးက မေလ ၁၂ရက် နေ့က ” We Love NAY TOE Fan Page Member”ဝင်တွေကို နေတိုး ကိုယ်တိုင် မေးခွန်း ထုတ်ထားတဲ့မေးခွန်း၂၅ခု ကိုအဖြေမှန်ပရိသတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

နေတိုးက”ကျွန်တော့်ရဲ့အမာခံ ပရိသတ် လို့လည်းပြောလို့ရတယ် ။နောက် သူတို့ အတွက် ပျော်စရာလေး လည်းဖြစ်အောင်၊ကိုယ်တိုင်ကလည်း သူတို့ နဲ့တွေ့ ဆုံချင်တယ်။ ဒီလို Fan Page တစ်ခုက ကျွန်တော့် အတွက်ရော၊ပရိ သတ်အတွက်ရော တွေ့ဆုံစေနိုင် တယ်။အနုပညာနဲ့ ပတ်သက်ပြီး ဝေဖန် အကြံပြု ချက်တွေလည်း ပေးတယ်။ ကျွန် တော်မေးခဲ့တဲ့ မေးခွန်းတွေထဲက တချို့ကကိုယ့်ရဲ့ ဇာတ်ကားတွေကို ဘယ်လောက်အ ထိ အလေး ထား ကြည့် ဖြစ်လဲ၊ ဘယ် အချိန် လောက်ထဲက အားပေးခဲ့ သလဲ ဆိုတာပြန်ပြီး အမှတ်ရ စေမယ့်မေးခွန်းလေး တွေပါ တယ်။ ပဟေဠိဆန်တဲ့မေး ခွန်းလေးတွေလည်းပါတယ်။ ကျွန်တော် ကိုယ်တိုင် မေးထား တဲ့မေး ခွန်း၂၅ခုပါ။

အဓိက နံပါတ်၁က မေးခွန်းတွေ ကို ဖြေ နိုင်ခြင်း၊ မဖြေနိုင်ခြင်း ထက် သူ တို့နဲ့တွေ့ဆုံမှုကို လုပ်ချင်တာ။ ရင်ခုန်စရာကောင်းတဲ့ အစီ အ စဉ်လေးတွေ ပေးချင်တယ်။ တွေ့ဆုံမယ်ဆိုတော့ ရန်ကုန် မှာအရင် ဆုံးတွေ့ဖြစ်တာ။ မေ ၁၂ ရက်နေ့က Dinner လုပ်ဖြစ်တယ်။
အွန်လိုင်းမှာပဲ တွေ့နေရတဲ့ ပရိသတ်ကို အပြင် မှာ တွေ့ရတော့မယ် ဆိုတော့ တအား ရင်ခုန်ခဲ့တယ်။ ပရိသတ် တွေကလည်း အနုပညာ ရှင် တွေနဲ့တွေ့ရင် ဒီလိုပဲဖြစ်မယ် ထင်တယ်။ အဲဒါကြောင့် ကျွန် တော်တို့ရဲ့ ရင်ခုန်သံတွေက အမြဲထပ်တူဖြစ်နေတယ်။ အဲဒါ ကြောင့် We Love NAY TOE ရဲ့ Presentation တွေအပေါ် မှာ ကိုယ်တိုင်မစီစဉ်နိုင်ပေမယ့် လိုက်ပြီး ပရိသတ်ရဲ့ဆန္ဒကို ဖြည့် ဆည်းတာပါ။ အဖြေမှန်တဲ့သူ တွေက ရန်ကုန်လိပ်စာနဲ့ မှန် သမျှတော့ ဖိတ်ပါတယ်။ လိပ် စာအတိအကျမသိရတဲ့ သူတွေ လည်းရှိတော့ သူတို့နဲ့တော့ မတွေ့ရဘူး” လို့ ပြောပြပါတယ်။

ဒီလိုတွေ့ဆုံရတဲ့နေ့က ၂ဝ၁၃ ခုနှစ်အတွက် အင်အား အဖြစ်ဆုံးနေ့ တစ်နေ့လို့ ဆိုလာ တဲ့ နေတိုးကသူ့ရဲ့လမ်းပြ မြေပုံ တစ်ခုလိုခံစားရကြောင်း ကို
” ဒီလိုတွေ့ဆုံရတာက အမြဲတမ်းရင်ထဲမှာ နွေးထွေးမှုနဲ့ စိတ်ထဲမှာ ကြည်လင် မှုကို ပေးနိုင်တဲ့ အတွက် အင်အား တစ်ခုဖြစ်စေတယ်။၂ဝ၁၃မှာ အင်အားအဖြစ်ဆုံးနေ့တစ် နေ့ကို ပြောပါဆို အဲဒီနေ့ပါပဲ။ ကိုယ်ပြောချင် တာတစ်ခုကို ချက်ချင်း မပြောနိုင်တာတွေရှိ တော့ အဲဒီ နေ့မှာ ကျွန်တော့် ကို ပြောချင်တာအဆိုး၊ အကောင်း ဝေဖန်မှုတွေကိုရေးပြီး စာအိတ် လေး နဲ့ပေးဖို့ပြောထားတော့ သူတို့ ယူလာကြတယ်။ သူတို့ ပေးချင် တဲ့အမှတ် တရလေး တွေလည်းယူလာတယ်။ ကျွန်တော်ကလည်း Mini-Biography စာအုပ်၊ အမှတ် တရ သိမ်းလို့ရမယ့် အရုပ်လေး တွေတော့ ပေးဖြစ်တယ်။ ဒီ We Love NAY TOEက ကျွန်တော် နဲ့ပတ်သက်ပြီးလုပ် ချင်တာတွေ စုစည်းပြီး သူတို့ စိတ်ကြိုက် လုပ်ကြတာ။ကျွန် တော် ကိုယ် တိုင် ဘာလုပ် ပါလို့ ဘယ်တော့မှ မလုပ်ဘူး။ အွန်လိုင်းသုံးတိုင်း ဝင်ကြည့်ဖြစ် တယ်။ We Love NAY TOE ကကျွန်တော့် ရှေ့လျောက်အလုပ်လုပ်ရမယ့် ခရီးမှာ လမ်းပြမြေပုံတစ်ခု လိုပဲခံစားရတယ်။ပရိသတ်ရဲ့ အားပေးမှု၊လက်ခုပ်သံ ကျွန်တော့်ရဲ့ပင် ပန်းမှုတွေ ကို ပြေပျောက်စေ တယ်။ အဲဒါ ကြောင့်ဒီ We Love NAY TOE က ကျွန်တော့်အတွက် လက်ခုပ်သံတွေများကြီးနဲ့ လမ်းပြမြေပုံတစ်ခု၊အင်အား ဖြစ်စေမယ့် နှလုံးသားချင်းထပ် တူကျနေတဲ့ သူတွေစု ဝေးထား တဲ့ ကမ္ဘာလေးတစ်ခုလို့ တင်စားချင်ပါတယ်” လို့ ပြောပြ ပါ တယ်။မန္တလေးက We Love NAY TOE+Fan Page Member တွေ မန္တလေးမှာ ဇွန်လပထမပတ်မှာတွေ့ဆုံဖို့ ရှိသလို၊ နိုင်ငံ ခြားသွားရင်လည်း နိုင်ငံခြားကပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်မယ်လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
By Popular Myanmar
{[['']]}

ရွှေမှုန်ရတီနှင့် တွေ့ဆုံခြင်း

(ဟန်သူထွန်း)

မြန်မာအနုပညာရှင်ငါးဦး တည်ထောင်ထားသော အနုပညာပျိုးခင်းမှ သရုပ်ဆောင်လောကကို ဝင်ရောက်လာသူ ရွှေမှုန်ရတီ၏ အနုပညာလောကသို့ စတင်ခဲ့ သောခြေလှမ်းများနှင့် လတ်တလော ပရိသတ်ဝေဖန်မှုကို အများဆုံးခံနေရသော အနမ်းပါသော ဇတ်ဝင်ခန်းအကြောင်းနှင့် ဆက်ရန်ရှိသေးတဲ့ ပညာရေး အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Voice : အနုပညာပျိုးခင်းထဲကို ဘယ်လို ဝင်လာဖြစ်တာလဲဆိုတာ။

SHYT : ရွှေမှုန်တို့ကို Star & Model အေဂျင်စီကနေ လာရွေးလို့ပါသွားတဲ့ သဘောပါ။ ညီမက ဒီအနုပညာပျိုးခင်းကမှ သရုပ်ဆောင် ဘဝထဲကို စပြီးခြေလှမ်းတာပါ။ အရင်တုန်းကတော့ မော်ဒယ်လ်ဘဝနဲ့ သုံးလလောက် နေပြီးတော့မှ ခြေလှမ်းစလှမ်းတာဆိုတော့ အတွေ့ အကြုံက သိပ်မရှိဘူးလေ။ ရွှေမှုန် ပထမဆုံးခြေချတာက ကိုခန့်နဲ့ အနုပညာပျိုးခင်းက သုံးယောက်နဲ့ ဒရာမာ ဇာတ်ကားတစ်ခုပါ။ အဲဒါပြီးမှ ညီမ သခင့်ကျေးကျွန် ဆိုတဲ့ကားပါ။

Voice : အခုတစ်လော ပရိသတ်တွေ ဝေဖန်နေတဲ့ မျက်လုံးလေးကလယ်ကလယ်နဲ့ ကလေးချစ် ဇာတ်ကားတွေ အပေါ်ကို ဘယ်လိုတုံ့ပြန်ချင်လဲ။

SHYT : တချို့ပရိသတ်တွေက အသက် ငယ်ငယ်လေးနဲ့ ဒီလိုမျိုး မရိုက်ခိုင်းသင့်ဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ရွှေမှုန်တို့ သရုပ်ဆောင်တွေက သဏ္ဌာန်လုပ် သရုပ်တူတွေပါ။ ရွှေမှုန့် စိတ်ထဲမှာ ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ ရွှေမှုန်က ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်တယ်။ ပြီးတော့ ရွှေမှုန်ဟာ အသစ်တစ်ယောက်ဖြစ်တဲ့အတွက် ကြိုးစားချင်စိတ်ပဲ ရှိပါတယ်။ နားလည်ပေးတဲ့ ပရိသတ်ကြီးကိုလည်း ဆက်ပြီး နားလည်ပေးပါလို့ ပြောချင်ပါတယ်။

Voice : ဇာတ်ကားတွေရိုက်တဲ့အခါ ကိုယ့် ဘက်က ဘယ်လိုပြင်ဆင်မှုတွေ လုပ်လဲ။

SHYT : ရွှေမှုန်က အရင်တုန်းထဲက ကားရိုက်တာတွေဆိုရင် ဂရုစိုက်တတ်တဲ့ အကျင့်ရှိတယ်။ ဒီကား ဘာဝတ်ရမယ်။ ဘယ်လိုလေး လုပ်လိုက် မယ်ဆိုတာ အစကတည်းက တွက်ချက်ထားတာပါ။ ဖတ်ဖို့အချိန်မရဘူး ဆိုရင်တောင် ဇာတ်လမ်း သဘောတရားကို ဖတ်ပြီးတော့မှ ရိုက်တဲ့နေ့မှ ဇာတ်လမ်းကို သေချာပြန်ဖတ်တယ်။ ဘယ်ခန်းမှာ ဘယ်လိုဝတ်ရမယ်၊ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာကို ခေါင်းထဲမှာ စဉ်းစားတယ်။

Voice : အခုချိန်မှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ရုပ် တွေရှိလား။ အခုရိုက်ခဲ့တဲ့ အတွေ့အကြုံအရ အခက်အခဲတွေ ဘယ်လိုရှိခဲ့လဲ။

SHYT : ဟုတ်။ ရွှေမှုန် ဇာတ်ရုပ်အကုန် ရိုက်ချင်ပါတယ်။ အခုလည်း ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေ ရိုက်နေရတာပါပဲ။ ရိုက်ချင်တဲ့ ဇာတ်ရုပ်တွေက အများကြီးပါပဲ။ ရွှေမှုန်အသက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်တဲ့ အခန်းတို့၊ ကလေးမွေးရမယ့် အခန်းတွေက တော်တော်ခက်ခဲပါတယ်။ အတွေ့အကြုံလည်း မရှိတော့ ဘယ်လို သရုပ်ဆောင်ရမလဲ မသိဘူးပေါ့။ အဲလို အခက်အခဲလေးတွေ ရှိပါတယ်။ အဲဒီလို မျိုးတွေကျတော့ မသိတော့ ဒါရိုက်တာတွေ သင်ပေးပါတယ်။

Voice : သရုပ်ဆောင်တစ်ယောက် အနေနဲ့ အနုပညာအပေါ်ထားတဲ့ ခံယူချက်ကရော။

SHYT : ရွှေမှုန်က အနုပညာကိုချစ်လို့ လုပ်တာမဟုတ်ပါဘူး။ ရူးလို့ လုပ်တာပါ။ အနုပညာရှင်ဆိုတာ ကိုယ့်အနုပညာကို အမြဲတမ်း ရူးသွပ်စွာနဲ့ ဖန်တီးနေရမယ်လို့ ထင်ပါတယ်။ ချစ်တယ်ဆိုတာ အပေါ်ယံလေးပါ။ တကယ်ကို ရူးလို့လုပ်တာပါ။

Voice : ညီမလေးရဲ့ပညာရေးကိုရော ဘယ်လောက်ထိ မျှော်မှန်းထားလဲ။

SHYT : ရွှေမှုန်ပညာရေးကို ဆုံးခန်းတိုင်အောင် လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။

The Voice Weekly


{[['']]}

"ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လှုံ့ဆော်ရေး ကဏ္ဍတွေမှာ ပါဝင်မယ့် ချစ်သုဝေ"

လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ချစ်သုဝေက လက်ရှိ လုပ် ဆောင်နေတဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး၊ မသန်စွမ်း ကလေးငယ် များနဲ့ မိဘမဲ့ကလေးငယ်များအတွက်လည်း လှုပ်ရှားမှုတွေ ပါဝင်ဆောင် ရွက် ပေးသူတစ်ဦး ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ပရိုဂရမ်လေးတစ်ခုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ် )နဲ့ ရိုက် ပေးဖို့ရှိပြီး ဆွေးနွေးပွဲတွေ တက်ရောက်ပေးဖို့ ရှိကြောင်း၊ ကျန်းမာရေး အနေနဲ့ တီဘီရောဂါ တိုက်ဖျက်ရေး အတွက် စိုင်းစည်တွမ်ခမ်း နဲ့အတူ ရိုက်ကူးပေးဖို့ ရှိကြောင်းပြောပါတယ်။ ဆင်းရဲနွမ်းပါးမှုပပျောက်ဖို့ အတွက် ချစ်သုဝေက..

”ဆင်းရဲနွမ်းပါးမှုနဲ့ ဆိုင်တာလည်းသိရမယ်။ ထရီဇာ တို့နိုင်ငံမှာ အခြေခံ အုတ်မြစ် က ဒီ ဆင်းရဲနွမ်းပါးမှုကြီး မပပျောက်လို့ဖြစ်တာပေါ့။ လတ်တေ လာ ဖြေရှင်းတာ ထက်စာရင် ထရီဇာက သူတို့ အတွက် ပြန်လည် ထူထောင်ရေး ကို ဖြစ်စေချင်တယ်။ ထရီဇာထင်တာကတော့ ထရီဇာတို့ ဆီမှာ သဘာဝဘေး အန္တရာယ်တွေကြောင့် ကျရောက်လာတဲ့ အန္တရာယ်တွေ ဖြစ်တဲ့အခါမှာ ဘယ်လိုချဉ်း ကပ်ကြမလဲဆိုတာ စနစ်တကျ မရှိဘူး။ ထရီဇာ တို့လည်း ပြောသာပြောနေတာ၊ ကိုယ့် ဥာဏ်နဲ့ကိုယ် ထင်သလိုတွေပြောနေတာ။ စနစ်တကျ သင်ကြားပို့ချပေးမယ့် အဖွဲ့တွေ လည်း မရှိဘူး။လုပ်ပေး မယ့်အဖွဲ့တွေလည်းမရှိ ဘူး။ လူကြောင့်ဖြစ် တဲ့ ဘေးအန္တရာယ် ပဲဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ် ကြောင့် ပဲဖြစ်ဖြစ် ဘေးအန္တရာယ် ဖြစ်လာပြီး နောက်ပိုင်းမှာ ချက်ချင်း ဘယ်လိုပြန် လည်ကယ်ဆယ် ရေးတွေလုပ်ကြမလဲ။ နောက်ထပ် ပြန်လည်ထူထောင်ရေးတွေ ဘယ် လိုလုပ်ကြမလဲ၊ ဒါဆိုရင် နှစ်နဲ့ ချီပြီးတောင် စောင့်စရာမလို ဘူး။ ဒီနိုင်ငံမှာက ပညာ ရေးတအား အားနည်း တော့ စနစ်တကျ ဘယ် လိုလုပ်ရမလဲ ဆိုတာ သင် ယူလေ့ လာရ မှာပါ။

လူရယ်လို့ဖြစ်လာရင်ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ရ မယ်ဆိုတဲ့ အသိစိတ် ရှိရမယ်။အဲဒီ အတွက် team တွေခေါ်၊ပညာ တတ်တွေခေါ်၊ တကယ့် volunteer တွေစုပြီး လခတွေပေး တဲ့NGO လို ဖွဲ့ပြီး ထိထိမိမိ လုပ်ရမယ်” လို့ သူ့ ရဲ့ အမြင်ကို ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Myanmar
{[['']]}

သီချင်းတွေလိုက်ဆို တတ်နေပြီ ဖြစ်တဲ့ ပြေသုဒြာ အကြောင်း ပြောတဲ့ ပြေတီဦး

ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ ပြေတီဦးက ဝိုင်းစုခိုင်သိန်း၊ အိချော ပိုတို့နဲ့အတူ သရုပ်ဆောင် ထားပါတယ်။ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က အနုပညာ အလုပ်တွေကို ခဏတာ ရပ်နားထားတဲ့ အပေါ် နှမြောလည်း နှမြောမိသလို သူ့ရဲ့ စိတ်ကိုလေးစား မိတယ်လို့ ပြောလာတဲ့ ပြေတီဦးက “နှမြောတယ်လို့ ပြောလို့ရသလို၊ သူ့စိတ်ကို လေးစားတယ် လို့လည်း ပြောလို့ ရတယ်။ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ သိလိုက်ရတဲ့ အရာ တစ်ခုက သူဘာကြောင့် အောင်မြင်ခဲ့သလဲ ဆို တာ အခုမှ ကျွန်တော် သေချာ သိလိုက် ရတာ။ အလုပ် တစ်ခုကို လက်ခံပြီး အဲဒီအလုပ် အပေါ်သူက စိတ်ရော ကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တယ်။ ဒါကြောင့် အခုလို အောင်မြင်ခဲ့ တာ။ ဒီအချိန်မှာ သူ့ရဲ့ စိတ်ခံစား ချက်က ဘာဖြစ်လာလဲ ဆိုတော့ သူ့သမီး နားမှာ နေချင်တာ။ သူရှုတင် ကိုသွား တယ်။ ကားရိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က ရှုတင်ပေါ်မှာ အပြည့်အဝ မရှိဘူး။ သူ့သမီး ဆီပဲ စိတ်ကပြန် ပြန်ရောက်နေတယ်။ သူ့သမီး ဘာ လုပ်နေလဲ၊ ဘာစားနေလဲ။ အဲဒီလို စိတ် မျိုးပေါ့။သူက ဒီရှုတင်ဆို တဲ့ အလုပ် ပေါ်မှာ ၁ဝဝရာခိုင်နှုန်း စိတ်ကို နှစ် လို့မရဘူး။ အဲဒီလိုနှစ်လို့ မရ တဲ့အတွက်ကြောင့် သူက မလုပ်ချင် ဘူး။ သူကသူ လက်ခံထားတဲ့ အလုပ် ကို အပြည့် အဝကို တာဝန် ယူနိုင်မှကို သူလုပ်ချင်တာ။ သူဒီလိုမျိုး ဆုံးဖြတ် ရဲတဲ့ အတွက်လည်း လေးစားတယ်” လို့ ဇနီး နဲ့ပတ်သက်ပြီးပြောပါတယ်။ မိဘနှစ်ဦး စလုံးက အနုပညာဝါ သနာကြီး သူတွေဖြစ်လို့ သမီးလေး ပြေသုဒြာ မှာကော မိဘတွေရဲ့ အနု ပညာ ဗီဇပြတာမျိုးတွေကော ရှိလား လို့ မေးတော့…
“သမီးကအခု လက်ရှိတော့ သရုပ်ဆောင်ထက် သီချင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်။ သီချင်း တွေကို ပိုရတယ်။ အခုဆိုရင် တချို့ သီချင်း တွေဆို တစ်ပုဒ်၊ နှစ်ပုဒ်လောက်ကို သူတစ်ယောက်တည်း ဆိုနိုင်နေပြီ။ သီချင်းတွေကို သူက မှတ်မိနေပြီ။ သူက တစ်နှစ်နဲ့ နှစ်လလောက်ကတည်း က သီချင်းတွေ လိုက် ညည်းနေပြီ ဆို တော့ သီချင်းဘက်မှာ ပိုပြီးတော့ စိတ်အား ထက်သန်သလို ပုံစံမျိုးလေး တော့ တွေ့ရတယ်။ ဝိုင်းစု ခိုင်သိန်း ဆိုရင် သိပ်ကြိုက်တာ။ ကြော်ငြာလာ လည်း လိုက်ဆိုတယ်။ သားချော့တေး လေးတွေဆိုလည်း သူရတယ်”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
By Popular Jouarnal
{[['']]}

"Blood Sugar Politik ရဲ့ အာဆီယံ ဂီတပွဲတော် ဖျော်ဖြေရေးအတွေ့အကြုံ "

ကျားပေါက်တို့ရဲ့တီးဝိုင်းတစ်ခုဖြစ်တဲ့ Blood Sugar Politik အဖွဲ့က ဗီယက်နမ်နိုင်ငံကို မေလ ၈ရက်နေ့က တစ်ပတ်ကြာ ထွက် ခွာသွားခဲ့ပြီး အာဆီယံဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ Art work is work လို့ အမည်ပေးထားတဲ့ ဂီတပွဲတော်မှာ အာဆီယံနိုင်ငံ ၅နိုင်ငံက တီးဝို င်းတွေနဲ့ အပြိုင်ကြဲခဲ့တဲ့BSP တီးဝိုင်းက အဲဒီပွဲမှာတော့ သီချင်း ၁၅ပုဒ်ဝန်းကျင်သီဆိုခဲ့တယ်လို့ သိရပါတယ်။

ပွဲစဉ်ရဲ့ ၅ဝိုင်းမြောက်လောက် မှာ ဖျော်ဖြေခဲ့တBSP အဖွဲ့အနေနဲ့ စိတ်လှုပ်ရှားမှုတော့ ရှိခဲ့တယ်လို့ ကျားပေါက်က ပြောပါတယ်။ “ပွဲက၂နာရီလောက်မှာစမယ်။ ကျွန်တော်တို့ က နောက်ဆုံးBand ရဲ့ ရှေ့မှာတက်မယ်။ ရှေ့မှာလည်း ဝိုင်းတွေက အရမ်းကောင်းပြီး ပရိသတ်တွေကလည်း အရမ်းအားပေး နေတော့ ကိုယ်တွေ အလှည့်မှာ စိတ်လှုပ်ရှားတာပေါ့။ ပြီးတော့ ရှေ့မှာBand တွေက သီချင်းပုဒ်ရေ လျှော့ဆို သွားတော့ အချိန်နည်းနည်းဟတဲ့ အချိန်ကိုDJ ခဏလော က်ဝင်လိုက်ချင်တယ်ဆိုတော့ ကျွန်တော်တို့ တက်ခါနီး မှာ နည်းနည်းပြန်စောင့်လိုက်ရသေးတာပေါ့။ ကျွန်တော်တို့ စတက်တော့ မတီးရသေးဘူး။ ဂစ် တာအသံတွေ ထုတ်နေတုန်းရှိသေးတယ်။
အောက်က မြန်မာ၊ မြန်မာဆိုပြီးအော်နေကြပြီ။ သိပ် open ဖြစ်တယ်။ မထင် ထားလောက်တဲ့ အထိကို အားပေးတယ်” လို့ ကျားပေါက်ကပြောပြီး ခုလိုနိုင်ငံတကာပွဲကနေပြီးတော့ သူတို့သွားချင်တဲ့အဆင့်လေး တိုးသွားတယ်လို့လည်းပြော ပါတယ်။

ကျားပေါက်တို့အဖွဲ့က Artwork is work အာဆီယံဂီတအဖွဲ့မှာ ဖျော်ဖြေပြီးတဲ့ နောက် ရက်မှာတော့ဗီယက်နမ်က မိတ်ဆွေတစ်ဦး ရဲ့ တောင်းဆို မှုနဲ့ ကမ်းခြေမှာလည်း ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ကြ ပါသေးတယ်။ အဲဒီနောက် လာကြည့်တဲ့သူ တွေထဲက တီးဝိုင်းက လူတစ်ယောက် ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ သူတို့တီးဝိုင်းနဲ့တွဲပြီး လည်း တီးခဲ့ကြသေးတယ်လို့ သိရပါ တယ်။

ရဲရဲ (Photo - event.pose.com)
By Popular Myanmar
{[['']]}

အချစ်တွေနဲ့ တူနှစ်ကိုယ်ဘဝခရီးလမ်းကို ဆေးရောင်ခြယ်ကြမယ့် ရဲလေးနဲ့ အေးမြအောင်တို့ရဲ့ ချစ်ခွန်းဖွဲ့စကားသံများ

တေးသံရှင်ရဲလေးက သူ့ဘဝရဲ့ လက်တွဲဖော်ဖြစ်တဲ့ အေးမြအောင်နဲ့အတူ ဖေဖော်ဝါရီ ၂၆ရက်နေ့က နှစ်ဖက် မိဘများရှေ့မှာ လက်မှတ်ရေးထိုး လက်ထပ်ပြီး သူတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို တည်ဆောက်လိုက်ပါ ပြီ။ နှစ်ယောက်တစ်ဘဝကို တည်ဆောက်လိုက်ကြတဲ့ ရဲလေးနဲ့ အေးမြတို့ရဲ့ ကြည်နူးဖွယ်စကားသံများကိုလည်း မေးမြန်းတင် ဆက်လိုက်ပါတယ်။
ရဲလေး အိမ်ထောင်ဖက်ရွေးချယ်
ကျွန်တော်တို့ မိတ်ဆွေလို ခင်တာ ကြာပါပြီ။ ၅ နှစ် ကျော်ရှိပါ ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ချစ်သူ သက်တမ်းက ၁နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီခေတ်ကြီးထဲမှာ မိန်းကလေး တွေကများတယ်။ ယောက်ျားလေး တွေလည်းများတယ်။ ဒါပေမဲ့ ယောက်ျားကောင်းတစ်ယောက် ရဖို့၊ မိန်းမကောင်း တစ် ယောက်ရဖို့တော်တော် ခက်ခဲတဲ့ခေတ်ကြီး ဖြစ်နေတယ်။  ထူးသဖြင့် ကျွန်တော်တို့လို လူမျိုးက ပိုပြီးခက်ခဲသွားပြီ။ ကျွန်တော်တို့လို လူမျိုးကို တကယ်ယုံကြည်ကြည်နဲ့ ဘဝတစ်ခု ပုံအပ်နှင်းမယ့် မိန်းကလေးက တော် တော်ရှားသွားပြီ။ အဲဒီအားလုံးထဲမှာမှ ကျွန်တော်သံယောဇဉ်အရှိဆုံးလူ၊ ကျွန်တော် လက်တွဲလို့ရတဲ့ လူတစ်ယောက်ကို ရွေးချယ် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့လို လူမျိုးဆိုတာက  အဆိုတော်တွေဖြစ်တဲ့၊ ပရိသတ် အားပေးတဲ့၊ ပရိသတ်နှစ်ခြိုက်တဲ့ ပရိသတ်
မေတ္တာကိုခံယူနေရတဲ့လူတွေကိုပြောတာပါ။ အချစ်နဲ့ နားလည်မှု
နားလည်မှုကတော့ အများကြီးယူရပါတယ်။ အခုထိလည်း ယူနေရတုန်းပဲ။ နောက်လည်းထပ်ယူရဦးမှာပဲ။ အပြောင်း အလဲတွေက အများကြီးဖြစ် တာပေါ့။ လူပျိုဘဝနဲ့ အိမ်ထောင်သည်ဘဝနဲ့ မတူဘူးဆိုတာ ကိုယ်ကိုယ်တိုင် လက်တွေ့ကြုံလာမှသိလာရတာပေါ့။ အနေ အထိုင်အပြော အဆိုက အစပေါ့။ အားလုံးဆင်ခြင်ရပါတယ်။ လူပျိုဘဝတုန်းက နေချင်သလို နေလို့ရတာပေါ့။ ကိုယ်တစ်ယောက်တည်းအတွက်ပဲ ကြည့်ရတာလေ။ အခုကျတော့ သူ့မိသားစုဘက်၊ကိုယ့်မိသားစုဘက်အကုန်ကြည့်ရတာပေါ့။လောလောဆယ်တော့ ကျွန်တော်တို့ ဟန်းနီးမွန်းကိုတော့ စင်ကာပူကို သွားဖို့ ရွေးထားပါတယ်။ စီစဉ်နေပါပြီ။ အားလုံးက ကိုယ်ကိုယ် တိုင်စီစဉ်နေရတဲ့ ပွဲတွေဖြစ်သလို၊ အခုလည်း ကိုယ်တိုင်ပဲ စီစဉ်နေရတာပါပဲ။

အေးမြအောင်
ယုံကြည်မှုနဲ့ လက်တွဲဖော်

ကိုရဲလေးကို တကယ်မေတ္တာရှိလို့ပါ။ ချစ်လို့ပါ။ မြန်မာသီချင်းတွေ သိပ်မသိဘူး။ သိပ်လည်း နားထောင်လေ့တော့ မရှိပါဘူး။ ဒါပေမဲ့ ကိုရဲနဲ့ ခင်တာ တော့ ကြာလှပြီ။ တစ်ယောက် အကြောင်းလည်း တစ်ယောက်သိတာကြောင့်လက်တွဲဖော် အဖြစ် ရွေးချယ်ဖြစ်သွားတာပါ။ လူဆိုတာ ဘယ် အလုပ်ပဲလုပ်လုပ် အကျင့်စာရိတ္တပဲ အရေးကြီး တယ်။ ကိုရဲလေးက အကျင့် စာရိတ္တကောင်းမွန်တဲ့ယောက်ျားတစ်ယောက် ဆို တာအပြည့်အဝ ယုံကြည်လို့ လက်တွဲတာပါ။ အိမ်ထောင်တစ်ခုမှာ ချစ်တာအရေးကြီးဆုံးပါပဲ။အချစ်ရှိဖို့ လိုတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်ဖို့ ကလည်း လိုအပ်တယ်လေ။ ညှိ နှိုင်းရင်းနဲ့ အားလုံးအဆင် ပြေသွားမှာပါ။
ခင်ပွန်းသည်အတွက် ပါရမီဖြည့်မယ်
သူလိုတာရှိရင် ပါရမီဖြည့်ဖို့ပဲ သိပါတယ်။ သူ့အလုပ်တွေကို ဝေဖန် ပေးဖို့တော့ နားမလည်ပါဘူး။ သူ့ဝါသနာအရ သူ့အနုပညာ သူလုပ်တာပဲလေ။ သူလုပ်စရာရှိတာတွေ လုပ်မှာပဲ။ သူလိုအပ်တာတွေကို ဝိုင်းလုပ်ပေးဖို့ပဲ ရှိတယ်။ကျန်တာတော့ နားမလည်ပါဘူး။

ခိုင်ဝေလွင်
By Popular Myanmar
{[['']]}

"ဒုတိယသီချင်း အခွေ အတွက် သီချင်းတွေ စုနေပြီ"

စိုးပြည့်သဇင်က သရုပ်ဆောင်တဲ့ဘက်မှာ ပရိသတ်တွေရဲ့ အားပေး မှုရရှိ ခဲ့သလို တေးသံရှင်တစ်ယောက်အနေနဲ့ သီချင်း သီဆိုတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက အဆိုပိုင်းကို ဝါသနာပါ ခဲ့တာဖြစ်ကြောင်းကို စိုးပြည့်သဇင်က ......

“ငယ်ငယ်ကတည်းက ဖေဖေ ကဂစ်တာတီးရင် စိုးပြည့်က သီချင်း ဆိုတယ်။ စကား မပီကလာ ပီကလာနဲ့ လိုက်လိုက်ဆိုတယ်။ အဲဒီထဲက စိုးပြည့်မိ ဘတွေ က စိုးပြည့်ဒါကို ဝါသနာပါမှန်း သိတယ်။ စိုးပြည့်ကို သရုပ်ဆောင်ဖြစ်မယ်လို့လည်းမထင်ဘူး။ တအားကြောက်တတ်တယ်။ တအား ရှက်တတ် တဲ့အခါကျတော့ မင်းသမီး ဖြစ်မယ်လို့ မထင်ဘူး။ အနုပညာ စလုပ်တော့လည်း အဆိုပိုင်း ကို စလုပ်ခဲ့တာပဲ။ တကယ်တမ်း ကျတော့ သရုပ်ဆောင် ဘက်ကိုလည်း စိုးပြည့် တအား ရူးသွပ်ခဲ့တယ်။ သရုပ်ဆောင်ဘက်ကို လုပ်ဖြစ် သွားပြီးတော့ အဆိုဘက်ကိုတော့ မလုပ်ဖြစ် ခဲ့ဘူး။ အခုမှ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ဖြစ်သွားတာ။ နောက် ထပ်လည်း အခွေ တွေထွက်ဖို့ ရှိပါ တယ်သေး တယ်” လို့ ပြောပါတယ်။

ငယ်စဉ်က ဆို၊က၊ ရေး၊ တီးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး မဟာ ဂီတနဲ့ပဲခူးတိုင်း မှာဒုတိယဆု ရရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

“တကယ် တမ်းကျတော့ စိုးပြည့် အသံက ခေတ်ပေါ်နဲ့ ပိုပြီး လိုက်ဖက် တာပါ။ မြန်မာသံကျတော့ မြန်မာသံ သက်သက်ရှိတယ်လေ။ ဒါပေမဲ့ စိုးပြည့်က ငယ် ငယ်ကတည်းက တအား ဝါသနာပါတော့ ဆို၊ က၊ရေး၊တီး ကိုလည်း ၇တန်း၊၈တန်း လောက် က ၂နှစ်လောက်ပြိုင်ခဲ့ဖူးတယ်။ စိုးပြည့် ငယ် ငယ်တုန်းက ကျောင်းစုံညီ ပွဲတော် တွေမှာ လည်း သီချင်းမဆိုရဘူး ဆိုရင် ဂျီကျတာပဲ” လို့ ပြောပါတယ်။

အဆိုပိုင်းကိုလည်း ဆက်ပြီး ကြိုးစားသွားမှာဖြစ်သလို သရုပ်ဆောင်နဲ့ အဆို ဘက်ကိုမျှပြီး လုပ်သွား မှာဖြစ်ကြောင်း၊ ဒုတိယ အခွေအတွက်လည်း သီချင်း တွေ စုနေပြီဖြစ်ကြောင်း စိုးပြည့်သဇင် ကပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
By Popular Myanmar
{[['']]}

သြဂုတ်လထဲမှာ အမေရိက ဖျော်ဖြေရေး သွားမယ့် ဝိုင်းစုခိုင်သိန်း

ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ ဝိုင်းစုခိုင်သိန်းက ပြည်ပ ဖျော်ဖြေရေး အနေ နဲ့ ဇွန်လ ကုန်ပိုင်းမှာ ဘန်ကောက်ကို သွားဖျော်ဖြေဖို့ ရှိပြီး သြဂုတ်လ ထဲမှာတော့ အမေရိကမှာ သွားဖျော်ဖြေမှာ ဖြစ်တယ်လို့ပြောပါတယ်။ တတိယ တစ်ကိုယ်တော် အခွေ ဖြစ်တဲ့ “အာဘွား” စီးရီးကို လုပ်နေရင်းနဲ့ စုံတွဲ သီချင်းခွေ လုပ်ဖို့ စိတ်ကူး ရ လာတာကြောင့် ပရိသတ်တွေကို ဖေ့စ်ဘုတ်က တစ်ဆင့်ရော၊ အပြင်မှာရော မေးကြည့်တဲ့ အခါမှ စုံတွဲအခွေကို ပိုနားထောင်ချင်တယ် လို့ ပြောကြတာကြောင့် စုံတွဲ အခွေကို အရင် လုပ်နေခြင်းဖြစ်ကြောင်း ဝိုင်းစု ခိုင်သိန်း က ပြောပါတယ်။ “စုံတွဲအခွေက ဝိုင်းစုနဲ့ အဆိုတော် ယောက်ျားလေး ၁၄ယောက် ဆိုတော့ နည်းနည်း အခက်အခဲရှိတယ်။ ဝိုင်းစု အသံနဲ့ လိုက်တဲ့ သီချင်းဖြစ်ရမယ်။ ဒီယောက်ျားလေး နဲ့လည်း လိုက်တဲ့ သီချင်း ဖြစ်ရမယ်။ အသံတွေ ညှိရတဲ့ အခါကျတော့ ရေးရတာ နည်းနည်းလေး ကြာတာပေါ့။ တချို့ သီချင်းတွေ ကျတော့ အားလုံးပြီးလို့ တီးပြီးသွားပြီ။ ဆိုဖို့ပဲ ကျန်တော့တယ်။ တချို့ သီချင်းတွေက ရေးပြီးသွားပြီ။ မတီး ရသေးဘူး။ ပထမ မှန်းထားတာတော့ ၈လပိုင်း၊ ၉လပိုင်း ထွက်ဖို့ မှန်းထားပါတယ်။ Valentine Day နဲ့ ကပ်နေပြီ ဆိုရင်တော့ အဲဒီတော့မှပဲ ထုတ်တော့မယ်” လို့ စုံတွဲအခွေ နဲ့ပတ်သက်ပြီး ဝိုင်း စုခိုင်သိန်း က ပြောပါတယ်။ မုန်တိုင်းသတင်း တွေ ကြားတဲ့ အတွက် ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဖခင် ဖြစ်သူနဲ့ ပရိသတ်တွေ အားလုံး အတွက် စိတ်ပူ မိကြောင်းကို ဝိုင်းစုခိုင်သိန်းက ပြောပါ တယ်။ အဝေးမှာ ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ချစ်သူကလည်း မြန်မာပြည်မှာ မုန်တိုင်း ဝင်မယ်လို့ ကြားတဲ့ အခါမှာလည်း စိုး ရိမ်တကြီး နဲ့ လှမ်းပြီး သတင်းမေးခဲ့တယ်လို့ ပြောပါတယ်။

နေကွန်းထင်
By Popular Myanmar
{[['']]}

Fast & Furious 6 (2013)

Directed by: Justin Lin

Year: 2013

Duration: 130 min

Genre: Action, Crime, Thriller

Starring: Dwayne Johnson, Vin Diesel, Paul Walker

Country: USA

Language: English

Watch Here
{[['']]}

ချစ်သူမရွေးသေးဘူးဆိုတဲ့ စိုးပြည့်သဇင်

စိုးပြည့်က စီးရီးမှာ ချစ်သူရွေး မယ်ခေါင်းစဉ် ပေးထားတော့ အပြင် မှာရော ချစ်သူရွေး နေပြီလား ဆို တော့ မရွေးပါဘူး။ ဘာသတင်း ကြားလို့လဲ။ ဘာသတင်းမှ မကြား သေးရင် စိုးပြည့် ချစ်သူ မရွေးသေး လို့ပါ။ အဆိုရှင် တစ်ယောက် အနေ နဲ့ရပ်တည်ရတဲ့ ဘဝရော၊ သရုပ် ဆောင်တစ်ယောက် အနေနဲ့ ရပ် တည်ရတဲ့ ဘဝကိုရော စိုးပြည့် နှစ် သက်ပါတယ်။ နှစ်ခုလုံးလည်း ဝါသနာ ပါတယ်။

စိုးပြည့် ဖြေထားတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင် စာရင်းကလည်း ထွက်တော့မယ် ဆိုတော့ စိုးပြည့် ကြောက်နေလား ဆိုတော့ ကြောက်တယ်။ အရမ်း ကြောက်တယ်။ စိုးပြည့်က သာမန် ကျောင်းသူတစ်ယောက်လည်း မဟုတ်ဘူး။ ရတဲ့အချိန် လေးမှာပဲ ကြိုးစား ရတာ။ တကယ်ဖြေတော့ လည်း စိုးပြည့် ကြောက်တယ်။ အောင်မယ် မအောင်ဘူး ကလည်း မပြောနိုင် သေးဘူးလေ။ စိုးပြည့် တတ်နိုင် သလောက်တော့ ကြိုးစားပြီး ဖြေခဲ့ တာပဲ။ ကံတရား အပေါ်မှာပဲ မူ တည်ပါတယ်။
စိုးပြည့်က ရှူတင်မှာ စာကျက် ခဲ့ရတဲ့ အချိန်တွေလည်း ရှိ ခဲ့တယ်။ ပရိသတ်ကြီးလည်း စိုးပြည့် စာမေးပွဲ အောင်ဖို့ ဆုတောင်း ပေးကြ ပါလို့ ပြောချင်ပါတယ်။ စိုးပြည့်တို့ ညီအစ်မတွေ မဆုံဖြစ်ကြ ဘူးဆိုတာ မကြီးတို့ ၊ မဒါတို့ မဒီဒီတို့က သူ့အချိန် ဇယားနဲ့သူ စိုးပြည့် ကလည်း ကိုယ့်အချိန် ဇယားနဲ့ကိုယ် ဆိုတော့ မဆုံဖြစ်တာပါ။ ဇာတ်တွေ အပေါ်မှာလည်း မူတည် ပါတယ်။ စိုးပြည့်တို့ ညီအစ်မတွေကို ချစ်ပေး တဲ့ပရိသတ်ကြီးကို ကျေးဇူးတင်ပါ တယ်။ စိုးပြည့်လည်း ညီအစ်မတွေ ဆုံပြီး ရိုက်ချင်ပါတယ်။ ဒါပေမယ့် လည်း ဇာတ်အခြေ အနေကလည်း ရှိသေးလို့ပါ သူ့အချိန် ဇယားနဲ့သူ ဆိုတော့ ညှိဖို့ကလည်း နည်းနည်း ခက်လို့ပါ။

By 8Days Journal
{[['']]}

ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ သက်မွန်မြင့်

စေတန်ရဲ့ ကချေသည် ဇာတ် ကားက မန္တလေးမှာ အောင်မြင်ခဲ့ သလောက် ပရိသတ် ကလည်း သက် မွန်ကို အကယ်ဒမီ မှန်းကြတဲ့ အပေါ် ခံစားချက်က ဆုဆိုတာက ကြိုးစား ခဲ့တာက ကြိုးစား ခဲ့ပြီးပြီ။ ဒါက အပိုဆု ပေါ့နော်။

အဓိကကတော့ ကိုယ့်ရဲ့ ကာရိုက်တာ ပီပြင်အောင် ရယ် ကိုယ်လုပ်ရမယ့် ကိုယ့်တာဝန် ကိုပဲ စိတ်ထဲမှာ ထားတယ်။ ဆုဆို တာက ရုံတင်ပြီးတဲ့ အချိန်မှာ သတ် မှတ်ပြီး ပေးတာဆိုတော့ ဒီအတွက် ကြိုးစားတာ မရှိဘူး။ ပေးရင် ယူမယ်။ မပေးရင် မယူဘူးပေါ့။ ကျွန်မက နှင်းဆီပါမောင် မရိုက်ဖြစ်တော့တဲ့ အတွက် ဘယ်လို ခံစားရလဲ ဆိုတော့ ထွေထွေ ထူးထူး ပြောစရာတော့ မရှိပါဘူး။ အခန့်မသင့် ဖြစ်တာလို့ပဲ သဘော ထားပါတယ်။ တစ်ခုတော့ ရှိတာပေါ့။

ဒီဇာတ်ကား အပေါ်မှာ ကိုယ်က စိတ်နှစ်ထားပြီး လက်လွှတ် လိုက်ရတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့။ ဒါကလည်း ကံပဲပေါ့။ ကိုယ်က ဒီဇာတ်ကားနဲ့ မထိုက်တန လို့ပေါ့။ ကိုယ်ဆုံးဖြတ် ပြီးထားတဲ့ အပေါ်မှာတော့ နောင်တ မရပါဘူး။ ကိုဝိုင်းနဲ့ သက်မွန်က ကံစပ်ပါတယ်။ ကားတိုင်းလို့ ပြောရလောက်အောင် ကားတိုင်း ပေါက်ခဲ့တယ်။

သူကလည်း အလုပ်ကို ကြိုးစားပြီး လုပ်တဲ့ သူတစ်ယောက် ဖြစ်သလို ကိုယ် လည်း လေးစားရတဲ့ သူတစ်ယောက် ပါ။ ဒါပေမဲ့ အနုပညာမှာ သူ့ခံယူ ချက်နဲ့ သူရှိတယ်။ ကိုယ်လုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ကိုယ်မလုပ် နိုင်ဘဲ စိတ်မပါဘဲ လုပ်ရင် ပီပြင်မှာ မဟုတ်ဘူး။ သူလိုချင်တဲ့ ပုံစံကို ကိုယ့်ဆီကရမှာ မဟုတ်ပါဘူး။

အဲဒါ ထက် စာရင် မရိုက်တာ ပိုကောင်းပါ တယ်။ သက်မွန်ရဲ့ ခေတ်ဆိုပြီး စိတ်ထဲမှာ မရှိဘူး။ အောင်မြင်ကျော် ကြားတာကိုလည်း မက်မောတာ မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာကို ချစ်တယ်။ ကြိုးစားပြီး လုပ်တယ်။ ကျန်တာ ကတော့ သူ့ဟာနဲ့သူ အကျိုးသက် ရောက်မှုပေါ့။ အဲဒီ အပေါ်မှာ သက်မွန် မသာယာ ပါဘူး။

By 8Days Journal
{[['']]}

အမုန်းမီးတောက် ဇာတ်ကားထဲကလိုမျိုး အပြင်မှာ မုန်းခဲ့ရသူ ရှိတယ်ဆိုတဲ့ မေသန်းနု

အမုန်းမီးတောက် ဇာတ်ကား ထဲမှာ အမုန်းမီးတွေ တောက်လောင် နေတဲ့သူ တစ်ယောက် အနေနဲ့ သရုပ်ဆောင် ထားတော့ အပြင်မှာ ရော အမုန်းမီးတောက် ခဲ့ရတဲ့သူ ရှိခဲ့လားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို ရုပ်ရှင်ထဲကလို မဟုတ်ဘူး။ ဘဝတစ်လျှောက်လုံး လောဘ၊ ဒေါသ၊ မောဟတွေထား လို့ ဇာတ်လမ်း ဖြစ်လာ တာပေါ့။ မဆင့်က အပြင်မှာတော့ ကိုယ့် စိတ်ကိုယ် ချုပ်တီး ရတာပေါ့။ အမုန်း မီးတွေရှိခဲ့လို့ ကာရိုက်တာက ပို ပီပြင်သွား တယ်လို့ ပြောလို့ရလား ဆိုတော့။ အဲဒီလို တော့လည်း မဟုတ်ပါဘူး။ မဆင့်တို့က ဇာတ် ကောင်အတိုင်း သရုပ်ဆောင်ခဲ့ တာပါ။ ဒါပေမဲ့ ဖီလင် အခံရှိတော့ ပိုပီပြင် သလားလို့တော့ ထင်မိတယ်။ မဆင့်တို့ အခုနောက်ပိုင်း ရိုက်ရတဲ့ ကားတွေက mood မပါတာ ပိုများ တယ်။ မဆင့်တို့က အမုန်းမီး တောက်လို ဒရာမာ ဇာတ်ကား တွေကို အားသန်တယ်။ ပိုလုပ်ချင် တယ်။ ဒီဘက်ပိုင်းမှာက ကိုယ့် အတွက် နေရာသိပ် မရတဲ့ကားတွေ၊ ဟာသ ကားတွေက များတယ်။ မဆင့်က အငယ်ခန်း တွေဆို သိပ် မရိုက် ချင်တော့ဘူး။ သိပ်ငယ်လွန်း ရင်လည်း မဖြစ်သလို အမူအရာ တွေကလည်း မငယ်တော့ ဘူးလေ။ သိပ်ကလေး မဆန် တော့ဘူး။ အဲဒီ တော့ မဆင့်တို့က လူကြီးပိုင်းပဲ အား သန်တယ်။ ဒီဘက်ခေတ်က ကလေး တွေက ပိုတော်ကြတယ်။ ပညာ တတ်အသိုင်း အဝိုင်းများတော့ ထက် မြက်ကြတယ်။ အဓိကက ကိုယ် ရေရှည် ရပ်တည်ဖို့ အတွက် ကြိုးစားဖို့ လိုတယ်။

By 8Days Journal
{[['']]}

နိုင်ငံတကာ အမ်တီဗီကိုမီဖို့ လိုအပ်ချက်တွေ မိစန္ဒီ ပြော

‘မိုနိုပိုလီ’ ဗီစီဒီလည်း မကြာ ခင်က ထွက်ရှိထားတဲ့အတွက် ပရိ သတ် အားပေးမှုအခြေအနေနဲ့ ပတ်သက် ပြီး မိစန္ဒီက.. “Audio ထက်စာရင် ဗီစီဒီက ရောင်း အားလည်း ပိုကောင်းလာတယ်။ ပရိသတ် တွေအနေနဲ့ ဒီအခွေလေးကို သိပ်အား ပေးကြတယ်။ ရေးထားတဲ့ သီချင်းတွေ အားလုံး ထဲမှာ ဒီသီချင်းက ညီမအတွက် အကြိုက်ဆုံးသီချင်းဆိုတော့story ပုံစံ ရိုက်ချင်တာနဲ့ ဒါရိုက်တာနဲ့တိုင်ပင် ပြီးတော့ ရိုက်ဖြစ်သွားတယ်။ ဇာတ်လမ်း ချည်းဖြစ်နေတဲ့အတွက် ဘာများပြော ရမလဲဆိုပြီး စိုးရိမ်တယ်” လို့ ပြော ပါတယ်။

ပြည်ပနိုင်ငံတွေမှာ MTV ကို တစ်ပုဒ်ဆို တစ်ပုဒ်အလျောက် ပေါက် တယ်ဆိုတာက World Wide International Channel တွေဆီက လွှင့်တဲ့ အတွက် အောင်မြင်ရခြင်း ဖြစ်ကြောင်း မိစန္ဒီက ပြောပါတယ်။”သူတို့က Album အလိုက် Audio ချည်းရောင်းတယ်။ ကျန် တာတွေ အားလုံးက Download Links ထဲ ကနေ သီချင်းတစ်ပုဒ် ဘယ်လောက်ဆိုပြီး ရောင်းတယ်။ ကိုယ့်ဆီမှာက သီချင်းတွေကို Channel တွေက ဝယ်မှာလည်း မဟုတ်ဘူး။

ကိုယ်တွေမှာကခိုးကူးခွေတွေရှိတဲ့အတွက် ပြန် ရမယ့်အရာနဲ့ လုပ်ရမယ့် အရာနဲ့ချင့် ချိန်ပြီး လုပ်ရ တယ်။ ပြီးတော့ ကိုယ်တွေ က မြန်မာ လိုဆိုတာလေ။ အင်္ဂလိပ်ကျတော့ တစ်ကမ္ဘာလုံးနားလည်ကြတယ်။ သူတို့နိုင်ငံတွေမှာက ဘက် စုံဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံလေ” လို့ မိစန္ဒီကပြောပါတယ်။

တွယ်တာ
By Popular Journal
{[['']]}

Assassins Run (2013)

Directed by: Robert Crombie

Year: 2013

Duration: 90 min

Genre: Action, Crime, Thriller

Starring: Christian Slater, Sofya Skya, Cole Hauser

Countries: USA, Russia

Language: English

Watch Here
{[['']]}

Vehicle 19 (2013)

Directed by: Mukunda Michael Dewil

Year: 2013

Duration: 85 min

Genre: Thriller

Starring: Paul Walker, Naima McLean, Gys de Villiers

Country: USA

Language: English

Watch Here
{[['']]}

အသက်၂၉၊ ၃ဝ လောက်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ် အောင်ရဲလင်း

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “သူ့ထံပါး” ဇာတ်ကားကို အောင်ရဲလင်းက ဝတ်မှုံရွှေရည် နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ် လမ်း နဲ့ပတ်သက်ပြီး အောင်ရဲလင်းက “အဓိက ကတော့ ဒီဇာတ်ရဲ့ ကာ ရိုက်တာ၊ အရှေ့ပိုင်းမှာ မြှုပ်ထားတာက မျက်နှာကို ကြည့်လိုက်ရင် ဘာမှ ခံစားချက် မရှိတဲ့ သူလိုမျိုး သရုပ်ဆောင် ရတယ်။ ပြီးတော့ စကား တစ်လုံးမှလည်း မပြောရဘူး။ နောက်ဆုံးကျ မှ စကားပြောရတဲ့ အခန်း ပါတယ်။ အခက်အခဲတော့ မရှိပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ သတိလေး ထားပြီး တော့ သရုပ်ဆောင် ဖြစ်တယ်။ အခုလို စကားမပြောရတဲ့ ကာရိုက်တာ ကတော့ ပထမဦးဆုံး သရုပ် ဆောင်ရတာပါပဲ” လို့ ဇာတ်ကား နဲ့ ပတ် သက်ပြီး အောင်ရဲလင်းက ပြောပါတယ်။

လတ်တလော ပရိသတ်တွေ သိချင်နေကြတဲ့ အောင်ရဲလင်း ရဲ့ အချစ်ရေးက တော့ “ကျွန်တော့်ရဲ့ အချစ်ရေး ကတော့ အေးအေးဆေးဆေး ပါပဲ။ အချစ်ရေး နဲ့ ပတ်သက်ပြီး တော့ အိမ် ထောင်ပြုဖို့ ကတော့ လိုပါသေးတယ်။ အိမ်ထောင် ပြုဖို့ကို စဉ်းစားမယ် ဆိုရင်တော့ နှစ်ဆယ့်ကိုး၊ သုံးဆယ်လောက်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်။ ကံတရား ကိုလည်း ယုံကြည်ပါတယ်။ ကံကောင်းဖို့ ဆိုတာ ကိုယ်ကောင်း အောင် လုပ်ဖို့ လည်း လိုပါတယ်”လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
By Popular Myanmar
{[['']]}

အချစ်ရေး အေးအေး ဆေးဆေး ဖွေးဖွေး

ဖွေးဖွေးက “ကျွန်မကနှင်းဆီပါမောင်” ဆိုတဲ့ ဇာတ်ကားကို နေတိုး၊ ဒါရိုက်တာဝိုင်း တို့နဲ့ ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်ကူးခဲ့ပြီး လက်ကျန် ဆင်း(န်)တွေ ကိုတော့ ရန်ကုန်မှာ ဆက်လက် ရိုက်ကူးနေပါတယ်။ ဇာတ်ကား အတွက် ပြင်ဆင်မှုတွေကို ဖွေးဖွေးက “ဒီကားကို ပြင်ဦးလွင်မှာ ရိုက်နေရင်း နဲ့ ဆံပင်ကို အရှည်ပြောင်း ရမှာဆိုတော့ ၊ကိုယ်က လုပ်နေကျ ဆိုင်မှာပဲ လုပ်ချင်တာ နဲ့ ရန်ကုန်ကို တစ်ခေါက် ပြန်လာရတယ်။ အဝတ်အစား ကလည်း နှင်းဆီပန်းတွေ ပါတာမျိုးကို အဓိကထားပြီး ပြင်ဆင် ထားတယ်။ နောက် ဒီကားမှာ စိတ်က အမျိုးမျိုးနဲ့ အမူအရာက အပိုင်းပိုင်းတွေ လုပ်ရတာတွေ ရှိတယ်။ မာန်တက်နေတာ၊ မာန်ကျသွားတာ၊ ချမ်းသာတာ၊ ဆင်းရဲတာ အိမ်ထောင် သည်၊ အပျို အဆင့်ဆင့်လေးတွေ အများ ကြီး လုပ်ရတာ။ ကိုဝိုင်းကလည်း အများကြီး သင်ပေးပါတယ်။ ဖွေးဖွေး လည်း အတတ်နိုင်ဆုံး ကြိုးစားထား ပါတယ်” လို့ ပြောပြပါတယ်။

ရုပ်ရှင်ကားကြီး မရိုက်ကူးခင် ၁လ နားပြီး ရိုက်ကူးခဲ့တဲ့ ဒီကားပြီးရင်လည်း ၁ပတ် နားပြီးမှ ဇာတ်ကားတွေပြန် ရိုက်မယ်လို့ ဖွေးဖွေးက ပြောပြပါတယ်။ လတ်တလော မှာတော့ ပရိသတ်တွေ စိတ်ဝင်စားနေ တဲ့ ဖွေးဖွေး ရဲ့ အချစ် ရေးကိုမေးကြည့်တော့ အချစ်ရေးက  အေးအေးဆေးဆေး ပါပဲလို့ ဖြေခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar
{[['']]}

ရာဇာနေဝင်း ဒါရိုက်တာ လုပ်ပြီး ရိုက်မယ့် Live Show

ဇာတ်ကား ရိုက်ကူးမှုတွေ သိပ်မလုပ်ဖြစ်တော့တဲ့ ရာဇာနေဝင်းက ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “ပူးတွဲချန်ပီယံ” ဇာတ်ကား မှာလူမင်းနဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက် ပြီး ရာဇာနေဝင်းက “ဦးညီ ကလည်း ခေါ်တာနဲ့ ဇာတ်ကားက ရိုက်ဖြစ်သွားတာပါ။ ဒီကားမှာက လူပျိုကြီး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို လိုက်ရင်း အဲဒီကောင်မလေးက  ယောက်ျား ယူသွားတဲ့ ပုံစံ မျိုးပေါ့။ ဇာတ်ကား ရိုက်တိုင်းက အမှတ်တရ ရှိတာပါပဲ။ ကျွန်တော့် ဇာတ်ကားတွေကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။  တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ပြောပြ ပါတယ်။ အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ် သွားမယ် ဆိုတဲ့ ရာဇာနေဝင်းက ဒီဇာတ်ကား ရိုက်ကူးမှု ပြီးတာနဲ့ သီချင်းခွေ Live Show ရိုက်ကူးမယ်လို့ ပြောပြပါတယ်။ “သီချင်းတွေ အကုန်လုံး ပြီးနေပြီ ။ Live Show က ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်မယ်။ သီချင်းတွေ အကုန်ဆိုပြီးပြီ။ ဟာမိုနီပဲ ကျန် တော့တယ်။ သီချင်း ဆိုရတာလည်း အရင်ထဲက ဝါသနာပါတယ်။ နောက် အဆို သင်တန်းတွေလည်း ကြားထဲမှာ တစ်နှစ် ခွဲ နှစ်နှစ်လောက် တက်ထားတယ်။ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် လုပ်ထားပါတယ်။ သီချင်းက အတွဲ အနေနဲ့ ဟေမာနေဝင်း၊ အိပ်မက်ဆုံရာ က သူဇာလင်း တို့ပါတယ်။ သီချင်းက အားလုံးပေါင်း ၁၂ပုဒ် ပါမယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
By Popular Myanmar
{[['']]}

အသက်မွေးဝမ်းကျောင်းပညာနဲ့ မော်ဒယ်သင်တန်း

ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ ဖျော်ဖြေရေးဆိုင်ရာ အနုပညာတွေဟာ အသက်မွေးဝမ်းကျောင်းအနုပညာတစ်ရပ်အနေနဲ့ ပရော် ဖက်ရှင်နယ်ဆန်ဆန် အသုံးချနိုင်ခွင့်ရှိလာတာတွေ့ရပါတယ်။ နိုင်ငံတကာ အထိ ကျယ်ပြန့်စွာထိုးဖောက်ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ပြည်တွင်း မှာ လည်း ဖျော်ဖြေရေးကဏ္ဍတွေမှာမပါရင်မပြီးသလို ဖြစ်နေတာကတော့ မော်ဒယ်လောကပါပဲဖြစ်ပါတယ်။ စင်တင်ဖျော်ဖြေရေးတွေ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေရဲ့ အခမ်းအနားတွေမှာ မော်ဒယ်လောကဟာ အဓိကပုံရိပ်တစ်ခု လိုဖြစ်နေပါတယ်။ဒါကြောင့် မော်ဒယ်လောက ခေတ်ဦးရဲ့ ပုံရိပ်ရှင် တစ်ဦးလည်းဖြစ်၊ စံပြမော်ဒယ်လေးတွေ ကိုလည်း မွေးထုတ်ပေး သူလည်းဖြစ်သူ တင်မိုးလွင်က ” ၁၉၉၄ လောက်မှာ မမိုးရဲ့အိမ်မှာပဲ မမိုးနာမည်နဲ့ မော်ဒယ်သင်တန်းဖွင့်တယ်။ ၁၉၉၆- ၉၇ မှာ တော့ Talents & Models ကိုစဖွင့်တယ်။ အခု မမိုးမော်ဒယ်သင်တန်း ဖွင့်ခဲ့တာအနှစ်၂ဝလောက်ရှိပြီ။ မမိုးရဲ့ ရည်ရွယ်ချက်က မမိုးသိတဲ့ ပညာ၊ တတ်တဲ့ပညာအပြင် ဆက်ဆံမှု၊ ပတ်ဝန်းကျင်သဘောထား၊ လူများအလယ်မှာ အောင်အောင်မြင်မြင်ရပ်တည်နိုင်ဖို့ အဲဒါ တွေကို ပြန်ပြီးလက်ဆင့်ကမ်းချင်တဲ့ ရည်ရွယ်ချက်နဲ့ စလုပ်တာပါ။ နိုင်ငံကိုယ်စားပြုတယ်ဆိုတာ အားကစား ထူးချွန်မှုအပြင် Miss  ဆိုတာလည်း ဖြစ်နိုင်တယ်ဆိုတာကို သိသလောက်၊တတ်သလောက် ပြန်ပြီး မမိုးသင်ပေးတယ်။ နိုင်ငံတကာ သင်တန်းကြေးက တအား များတော့ မော်ဒယ်ကို ဝါသနာပါတဲ့ ကလေးတွေကလည်း လူတန်းစားအမျိုးမျိုးကဖြစ်နိုင်တယ်ဆိုတော့ မဖြစ်စလောက် သင်တန်းကြေးနဲ့ မမိုးလုပ်တာပါ။ မမိုးတို့ သင်တန်းကပေးတဲ့ အောင်လက်မှတ်ဆိုလည်း ဘယ်နေရာမှာပြပြ အသုံးဝင်ပါတယ်။ ဒီသင်တန်းက တကယ်ဝါသနာပါပြီး တကယ်လုပ်တဲ့ကလေးတွေကတော့ တတ်လာတာပဲ။  ကိုယ့်ကိုယ်မှာရှိတဲ့ အရည်အသွေးတွေတောက်ပလာအောင် ဘာတွေလုပ်သင့်လဲဆိုတာ မမိုးတို့ သိသလောက် သင်ပေးပါတယ်” လို့ ပြောပြခဲ့ပါတယ်။

By Popular Myanmar
{[['']]}

့FB Like

Followers

Follow by Email

 
Support : News | Thit Htoo Lwin | Movies
Copyright © 2011. THIT HTOO LWIN - All Rights Reserved
Template Created by Myanmar News Now Published by Thit Htoo Lwin
Proudly powered by Blogger